Facts about Twitter Account Suspend!

Twitter Suspend Lock ကျရတဲ့အကြောင်းအရင်းတွေကိုပြောရမယ်ဆိုရင်

(1) – Sensitive Contents – မြမင်ကောင်းရှု့မကောင်း tweets တွေကို Twitter မှာ Twitter media policy rules တွေကို
ချိုးဖောက်ပီး warning sensitive content – filter / trigger warning / blur , sticker မခံဘဲတင်တာ။
(2) – Random Server VPN ကို ခနခနချိတ်သုံးတာ။
(3) – လူအစစ်မဟုတ်ဘဲနဲ့ Robot လို ပုံသေအလွန်အမင်း ခနခန tweet တာ၊ like react တာ ၊ quote with tweet လုပ်တာ
> နောက်ဆုံး Robot Spaming Behavior ကိုဖစ်စေတာ
(4) Google Captcha verify လုပ်ခိုင်းတာကို ကျော်ထားခဲ့တာ ၊ မလုပ်နိုင်တာ(vpn connection ကြောင့်ဖစ်နိုင်ပါတယ်။)
(5) Profile အစစ်မဟုတ်ဘဲနဲ့ အတုလုပ်တာ။
(6) တခြားအကြောင်းအရင်းများစွာရှိပါသေးတယ်။


ပုံမှန်ဆို Appeal Form တင်ပြီးတာနဲ့ တန်းပြီးတော့ unsuspended ဖြစ်ပါပြီးဆိုပြီးတော့ reply mail ရလာပါတယ်။
တစ်ခါတလေမှသာ တန်း unsuspended မဖြစ်ဘဲ reply , response လုပ်ပေးပါ ဆိုတဲ့ mail ရလာမှသာလျှင်
ကိုယ့် မှတ်ပုံတင် ID နဲ့စာ တွဲပို့ reply ပြန်ပေးမှ နောက်ဆုံး unsuspended ဖြစ်တာပါ။

Appeal Form ကို Browser နဲ့ တင်တဲ့အခါ Error တော်တော်များများတက်တာကိုတွေ့ရပါတယ်။
အကြောင်းအရင်းကတော့ ဖုန်းမှာပါတဲ့ Brand Default Browser ကိုသုံးလိုပါ။
Appeal Form တင်တဲ့အခါ သုံးသင့်တဲ့ browsers တွေကို အကြံပေးလမ်းညွန်ရပါဆိုရင်
Firefox browser/ Chrome / Kiwi ကိုအသုံးပြုပါ, ဒီ browsers တွေအထဲမှာအကောင်းဆုံးဆိုတာကို
ထပ်ရွှေးအကြံပေးရမယ်ဆိုရင် kiwi browser ကိုသုံးပါ။
kiwi browser က desktop / laptop browser တွေမှာပါတဲ့ extensions တွေကို android kiwi browser မှာ
သုံးနိုင်ရုံတင်မက ၊ သုံးရတာ အရမ်းလည်းမြန်၊ပေါ့ပါးပါတယ်။ ဆိုလိုတာက Lag – နှေးကွေးတာတွေ မဖစ်ပါဘူး။

နောက်ဆုံးအချက်က ကိုယ့် Twitter account ကိုပြန်ယူမယ်ဆို ကိုယ်တိုင်ပဲယူပါ ခက်ခဲတာမရှိပါဘူး။

Twitter Suspend Lock သည် Facebook Disabled Lock ထက်ဆယ်ရတာ ပိုလွယ်ကူပါသည်။
ဒီတော့ ကိုယ် Twitter account နောက်ပိုင်း suspend lock ခနခနမကျအောင် ရှောင်သင့်တာကိုရှောင် ၊ ဆောင်သင့်တာကိုဆောင်ပါ။
ဒါပါပဲ။
-Twitter Suspend Lock မကျအောင် နောက်ပိုင်း ဘယ်လိုကာကွယ်ရမလဲ။

(1) – Sensitive Contents – မြမင်ကောင်းရှု့မကောင်း tweets တွေကို Twitter မှာ Twitter media policy rules တွေကို
လိုက်နာပီး warning sensitive content – fliter / trigger warning / blur , sticker ခံပြီးမှတင်ပါ။

(2) – Solo/Specific Server VPN ကို အမြဲချိတ်သုံးပါ၊ ဆိုလိုတာကတော့ vpn ကို ပုံသေအမြဲသုံးပါ၊ မပြောင်းပါနဲ့။ ဥပမာ usa > usa ဆို အဲ့ဟာတစ်ခုတည်းတစ်သမတ်တည်း အသုံးပြပါ။

(3) – tweet တာ၊ like react တာ ၊ quote with tweet လုပ်တာ တွေကို မိနစ်၊စက်ကန့် ခြားပြီးတော့ တင်လုပ်ပါ။

(4) Google Captcha verify လုပ်ပါ၊မကျော်သွားပါနဲ့။

(5) ကိုယ့် Twitter Profile ကို လူအစစ်နဲ့ တူအောင် ၊ unique ဖြစ်အောင် setup လုပ်ပါ။
ဥပမာ @username, bio , စသဖြင့်ပေါ့။
အခုဒီ အောက်က Twitter Suspend Lock နဲ့ပက်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ post ကိုဖတ်ပေးထားပါ။

Twitter System ရဲ့အားနည်းတဲ့အချက် – Unsuspended လို့ reply mail မှာပြောထားပေမယ့် Suspended လို့ဆက်ပြနေတဲ့ Error ရှိတတ်ပါသေးတယ် ဒါကိုတော့ နောက်ကျမှအကျယ်ထပ်ပြောပြပါမယ်။

Ref – Aung Thiha Win’s Facebook
GenZ

Leave a comment